ဆိပ်ဖြူမြို့နယ်တွင် ရေသွင်းငရုပ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်း၍ဈေးကောင်းရရှိ

ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင်ရေသွင်းငရုပ်စိုက်ခင်းများ ကိုကိုင်းမြေနှင့်ကုန်းမြေတို့တွင် စိုက်ပျိုး ဆောင်ရွက်ကြပြီး အောင်မြင်ဖြစ်ထွန်း၍ ဈေးရရှိကြောင်းသိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် စားဖိုဆောင်သီးနှံငရုပ်ကို (၃၃၂) ဧက တောင်သူများက စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး ငရုပ်စိုက်ပျိုးမှုအနေဖြင့် ထိုင်ဝမ်မျိုးစေ့များကိုဝယ်ယူပျိုးထောင်ခြင်း၊ စိုက်ပျိုးမြေပြင်ဆင်ဆောင်ရွက်ခြင်း သွင်းအားစုမြေသြဇာများကို ထည့်သွင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြသည်။ ငရုပ်စိုက်တောင်သူများအနေဖြင့် တစ်လလျှင်လေးကြိမ် လုပ်သားများဖြင့် ငရုပ်သီးမှဲ့များခူးဆွတ်ရကြောင်း၊ ငရုပ်သီးကို ရာသီကုန်အထိ တစ်ဧကလျှင် ပိဿာ (၆၀၀၀) အထိ ထွက်ရှိရန်မျှော်မှန်းထားရှိပြီး လိုအပ်သည့်သွင်းအားစုစိုက်ပျိုးရေနှင့် မြေသြဇာများကိုထည့်သွင်းဆောင်ရွက်ကြကြောင်း၊ လက်ရှိမှာ ငရုပ်သီးအစိုတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ငရုပ်သီးခြောက် တစ်ပိဿာ (၂၃၀၀၀) ကျပ်ထိ ဈေးရရှိ၍ ငရုပ်စိုက်တောင်သူများအနေဖြင့် အဆင်ပြေကြောင်း ငရုပ်စိုက်တောင်သူများထံမှသိရသည်။

စိုးလင်းနိုင် (IPRD)