မုံရွာ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၇ ရက် နံနက်ပိုင်း တွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်ရှိ တောင်သူ ဒေါ်နော်ဆဲလား စိုက် ပျိုးထားရှိသည့် အောင်နိင်တိုး စပါးမျိုး ၁ ဧကအတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩ ဇာရောနှောသုံးစွဲခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဒေသခံ တောင်သူများအတူ တောင်သူ ဒေါ်နော်ဆဲလား စိုက်ပျိုးထားရှိသည့် “အောင်နိင်တိုး” စပါး မျိုး ၁ ဧကအတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောနှောသုံးစွဲခြင်း ကွင်းသရုပ်ပြသမှုအား ကြည့်ရှုခဲ့ကြပြီး စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဓာတ်မြေဩဇာနှင့် သဘာဝမြေဩ ဇာရောနှော သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများအား ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာ တောင်သူ ဒေါ်ရီရီသိန်း စိုက်ပျိုးထားရှိသည့် “အာသန်” မျိုး လက်ဘက်စိုက်ခင်း ၈ ဧကသို့ ရောက်ရှိရာ ဒေသခံတောင်သူများမှ လက်ဘက်ခူးစွတ်နေမှုများအား ကြည့်ရှုခဲ့ကြပြီး ကြပြီး တာဝန်ရှိသူများနှင့်အတူ ဒေသခံတောင်သူများထံ မြတ်ရိပ် စက်များအား ပေးအပ်ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဟုမ္မလင်းမြို့နယ်၊ နောင်မခံကျေးရွာရှိ ဒေသခံတောင်သူများ စားရေး ရိက္ခာဖူလုံပြည့်ဝစေရန်အတွက် လယ်ယာမြေ ဧက ၃၀၀ အား စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်မည့် အလျား - ၄၅၀ ပေ၊ အမြင့် - ၁၀ ပေ၊ ရေထိပ်ပြင် အကျယ် - ၁၂ ပေ မြေသားကန်ဘောင်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်း ကျေးရွာရှိ စိုက်ပျိုးရေးကုန်ထုတ်ထမ်း အရှည် - ၁ မိုင်၊ ၂ ဖာလုံ၊ အကျယ် -၁၂ ပေ၊ ထု ၉ လက်မထု ကျောက်ရောမြေသားလမ်း ခင်းကျင်းပြီးစီးမှုအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)