ငပုတော ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ မတ်လ(၂)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဘုရားဖူးဧည့်သည်များအား သဲဖြူနှင့်မဟာမြိုင်တောရဆရာတော်ဘုရားကြီးဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ စတုဒီသာများ ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။
သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးသို့ ဘုရားဖူးရောက်ရှိလာသော ဧည့်ပရိသတ်များအား သဲဖြူနှင့်မဟာမြိုင်တောရဆရာတော်ဘုရားကြီးဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ (၁၄.၂.၂၀၂၆)ရက်နေ့တွင် အယောက်(၅၀၀)၊ (၁၅.၂.၂၀၂၆)ရက်နေ့တွင် အယောက်(၇၀၀)(၁၆.၂.၂၀၂၆)ရက်နေ့တွင် အယောက်(၃၀၀၀)စတုဒီသာများ ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)