ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးအတွက် ယမန့်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်အောင်ဝင်းစိန်မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာန မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် စာစစ်ဌာနကြီးကြပ်ရေးမှူးတို့ပူးပေါင်းကာ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဥ်ကာလအတွင်း လျှပ်စစ်မီးကြိုးသွယ်တန်းထားရှိမှုအခြေအနေများ၊ မီးသတ်ဆေးဗူးများ ကျောင်းတွင်း ကျောင်းပြင်သန့်ရှင်းမှုရှိစေရေး၊ မီးလောင်မှု မီးလန့်မှုများ ဖြစ်ပေါ်စေရေးနှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)