ပွင့်ဖြူမြို့နယ်၌ နွေသီးနှံ စိုက်ပျိုးတောင်သူများအား မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး

ပွင့်ဖြူ ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီလ ၁၅ ရက်‌နေ့ နံနက်ပိုင်းမှစပြီး  ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ  စိုက်ပျိုးရေများ စတင်ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းကြီးတို့မှတစ်ဆင့် လယ်ယာမြေ စိုက်ခင်းများအရောက် ပို့လွှတ်ဖြန့်ဝေဆောင်ရွက်ပေးသဖြင့် တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာ ရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း ပွင့်ဖြူမြို့နယ်အတွင်း တောင်သူများ  သီးနှံအချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ တောင်သူများ နွေသီးနှံ စိုက်ပျိုးနိုင်ရေး ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ စိုက်ပျိုးရေများ ဖြန့်ဝေရာတွင် စိုက်ပျိုးရေပို့လွှတ်မည့် ရေလက်တံမြောင်းများအတွင်း ရေမြိတ်များနှင့် ခြုံနွယ်ပိတ် ပေါင်းများ ပိတ်ဆို့မှုမဖြစ်စေရန်နှင့် နွေသီးနှံစိုက်ပျိုးလယ်မြေများ စိုက်ပျိုးရေ မျှတစွာရရှိရေး အတွက်  ကြိုတင်၍ ရေလက်တံမြောင်းများအား ရှင်းလင်းထားရှိနိုင်ရေး တောင်သူများကို အသိပေး နှိုးဆော်ထားကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန သိရသည်။ 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး စိုက်ပျိုးဧက ၃၃၂၃၅ ဧက နှင့် နွေနှမ်းစိုက်ပျိုးဧက ၃၃၇၃၇ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )