ရွှေဘို ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား မီးဘေးကြိုတင်ကာကွယ်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ (၁၅) ရက်နေ့ နံနက် (၁၀)နာရီက ရွှေဘိုမြို့၊ အမှတ် (၁၀) ကုန်းဘောင်ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုခရိုင်အကျဉ်းဦးစီးဌာနရှိ တာဝန်ခံအရာရှိက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်မှ မီးဘေးအန္တရာယ်၊ မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ရေးဆိုင်ရာများနှင့် 191 Report Application ထည့်သွင်းဆောင်ရွက်၍ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ၊ သတင်းပေးပို့မှုများအား အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောခဲ့ပြီး ရွှေဘိုခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာလင်းမှ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး ရွှေဘိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မြတ်တိုး ဦးဆောင်သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ဆီမီးလောင်မှုနှင့် ဂက်စ်အိုးမီးလောင်မှုအား မီးသတ်ဆေးဘူး၊ ရေစိုအဝတ်တို့ဖြင့် ငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်မှုတို့အား လက်တွေ့သရုပ်ပြ လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)