မြို့သစ်မြို့နယ် စည်ပင်သာယာဈေးကြီးတွင် မီးဘေးလုံခြုံရေး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်

မြို့သစ် ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးကြီးအတွင်း   မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေး သရုပ်ပြဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများ ကြည့်ရှုအားပေးကာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝေလင်းကျော်က မီးလောင်မှု မဖြစ်ပေါ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိ ပညာပေး ပြောကြားပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူ/ဈေးသားများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ပိုက်ဖြင့်  မီးငြှိမ်းသတ်နည်းတို့အား လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)