ချောက် ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌မြို့ နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် မီးဘေးသတိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ချောက်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးရာတွင် သတ်မှတ်ထားသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိခြင်းရှိ/မရှိ၊ မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်မှု ရှိ/ မရှိ၊ ရေသိုလှောင်ကန်များ၌ ရေများ ဖြည့်တင်းထားရှိမှုရှိစေရေးနှင့် ပလတ်စတစ်ပုံးများဖြင့် စက်သုံးဆီ ရောင်းချမှု မရှိစေရေးတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)