ချောက်မြို့နယ်၌ မြို့နယ်အဆင့် နွေရာသီသင်တန်းများ ဖွင့်လှစ်

ချောက် ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်အဆင့်နွေရာသီသင်တန်းများဖွင့်ပွဲကို‌ ယနေ့ ​နံနက် ၉ နာရီအချိန်က အ.ထ.က(၁) ကျောင်းမြရိပ်ညိုခန်းမ၌ ဖွင့်လှစ်ခဲ့‌‌ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က အဖွင့်အမှာစကား‌ပြောကြားပြီး ခရိုင်ပညာ‌ရေးမှူး ဦးမန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း‌ပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က မြို့နယ်အဆင့်နွေရာသီသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းက‌ နွေရာသီသင်တန်းများအတွက် ထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀)(ကျပ်တစ်သိန်းတိတိ) ပေးအပ်ခဲ့သည်။       

နွေရာသီ​ကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ​အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ရန်၊ ကာယ၊ ဉာဏဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်း၊ အိမ်တွင်းမှုသင်တန်း၊ Fitness Dance၊ အင်္ဂလိပ်စာ၊ ပန်းချီနှင့်ကင်းထောက်သင်တန်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများအလိုက် သင်တန်းနည်းပြ ဆရာ၊ဆရာမများက နေ့စဥ်နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖေဖော်ဝါရီလ(၁၄)ရက်မှ ဖေဖော်ဝါရီလ(၁၉)ရက်​နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများတွင် ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ၅၅၅၇ ဦး၊ ကျောင်းသူ ၆၇၁၃ ဦး စုစုပေါင်း၁၂၂၇၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)