ရေနံချောင်းမြို့မဈေးကြီး၌ မီးဘေးလုံခြုံရေးစစ်ဆေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရေနံချောင်း ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး မီးဘေးလုံခြုံရေး စစ်ဆေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက ရေနံချောင်းမြို့မဈေးကြီး၌ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်နှင့် မြို့မဈေးတာဝန်ရှိသူများက ရေနံချောင်းမြို့မဈေးကြီးနှင့် ဈေးပတ်ဝန်းကျင်ရှိ ဈေးဆိုင်များအား မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး မီးသုံးစွဲမှုအခြေအနေများကို လိုက်လံစစ်ဆေးပြီး ဈေးရောင်းဈေးဝယ်ပြည်သူများအား မီးဘေးလုံခြုံရေးလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးဆွေးနွေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)