ပခုက္ကူတက္ကသိုလ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပဒေသာကပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၁၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပဒေသာကပွဲနှင့် ဈေးရောင်းပွဲတော်ကို ယမန် နေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်၊ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် တာဝန်ရှိသူများက (၇၉)နှစ်မြောက် ပြည်ထောင် စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာယဉ်ကျေး မှုပဒေသာကပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ဘာသာရပ်ဌာနများအလိုက် ဈေးရောင်းပွဲတော်များအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပဒေသာကပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊က၊ရေး၊တီးပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များက  တေးသီချင်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

အဆိုပါပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တက္ကသိုလ်ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်ခင်ထွတ်နှင့် ဘာသာရပ် ဌာနအသီးသီးမှပါမောက္ခ (ဌာနမှူး)များ၊ သင်ကြား/ စီမံဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး တေးသီချင်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)