ကန့်ဘလူ ဖေဖော်ဝါရီ ၁၄
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသူ/ကျောင်းသား လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ကလေးငယ်များ အသိပညာ ဗဟုသုတများ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း၍ နွေရာသီအခြေခံပန်းချီနှင့် အင်္ဂလိပ်စာ Grammar သင်တန်း(အခမဲ့)များကို လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများနှင့် ချိတ်ဆက်၍လည်းကောင်း၊ ပန်းချီပညာရှင်များ၊ အင်္ဂလိပ်စာဆရာများနှင့် ချိတ်ဆက်၍လည်းကောင်း စိတ်ပါဝင်စားသော ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ အခြေခံပန်းချီ၊ အင်္ဂလိပ်စာသင်တန်းများ တက်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံးတွင် (အလယ်တန်းအဆင့်ကျောင်းသားများ) စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)