ကန်ကြီးထောင့်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား၊ တိုက်နယ်ပေါင်းစုံအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲအား ဇန်နဝါရီလ (၃၁) ရက်နေ့က စတင်ကျင်းပရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအား ဖေဖော်ဝါရီလ(၁၂)ရက်နေ့‌ နေ့လယ်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဘောလုံးပြိုင်ပွဲတွင် နေက်ဆုံးဗိုလ်ပွဲသို့ ရောက်ရှိခဲ့သော ကန်ကြီးထောင့်တိုက်နယ်အသင်းနှင့် ကျိုက်လတ်တိုက်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့များက ကြည့်ရှုအားပေးခဲ့ကြရာ ကန်ကြီးထောင့်တိုက်နယ်အသင်းမှ ကျိုက်လတ်တိုက်နယ်အသင်းအား သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ပထမဆု ကျပ်သိန်း ၃၀၊ ဒုတိယဆု ကျပ်သိန်း ၂၀၊ တတိယဆု ကျပ် ၄ သိန်း၊ အသန့်ရှင်းဆုံဆု ကျပ် ၃ သိန်း၊ တစ်ဦးချင်းအကောင်းဆုံဆုများနှင့် ပံ့ပိုးကူညီ ပေးသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သက်ဆိုင်ရာအသင်းအုပ်ချုပ် သူ၊ နည်းပြ၊ ကစားသမားများက လက်ခံရယူခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)