ဘိုကလေးမြို့နယ်၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ဘိုကလေး ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် (၁၀)နာရီအချိန်၌ ကုတင်(၁၀၀)ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းနှင့် ဝန်ထမ်းများက ဘိုကလေးမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် လူဦးရေ(၅၀)အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာတွင် အထွေထွေရောဂါများအား စမ်းသပ်ပေးခြင်း၊ သွေးစစ်ဆေးခြင်း၊ ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်းအစရှိသော ကျန်းမာရေးစောင့်ရှောက်မှုများအား အခမဲ့ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နေမှုများအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)