အင်္ဂပူ၊ ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ Power-9 စက်သုံးဆီဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုကို စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်းတို့အား ဆိုင်ဝန်ထမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အင်္ဂပူမြိုနယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ၌မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ၊ မီးဘေးအသိပညာပေးလက်ကမ်းများ ဖြန့်ဝေခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းများအား ဆောင်ရွက်လျက်ရှိကြောင်း မြိုနယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)