ရွှေသောင်ယံမြို့ကမ်းခြေသို့ ရုံးပိတ်ရက်ကျောင်းပိတ်ရက်များအတွင်း လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကား

ရွှေသောင်ယံ  ဖေဖော်ဝါရီ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြိုမှ ကမ်းခြေများဖြစ်သည့် ရွှေသောင်ယံကမ်းခြေ၊ Sea&Lake ကမ်းခြေ၊ ကျောက်မောင်နှမကမ်းခြေတို့တွင် ယခု ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များအတွင်း လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါ ရွှေသောင်ယံကမ်းခြေသို့ လာရောက်လည်ပတ်ကြသောသူများမှာ ကိုယ်ပိုင်ကားများ၊ မှန်လုံကားကြီးများ၊ Light truck မော်ယာဉ်များ၊ hijet ကားများ၊ အိုးဝေများစသည်ဖြင့် ယာဉ်အမျိုးမျိုးဖြင့် လာရောက်လည်ပတ်ကြပြီး ရွှေသောင်ယံမြိုရှိ အထင်ကရနေရာများတွင် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

ရွှေသောင်ယံကမ်းခြေသည် အေးချမ်းတည်ငြိမ်မှုရှိခြင်း၊ သာယာလှပခြင်း၊ ကမ်းခြေရှည်လျှားခြင်း၊ ကမ်းခြေတွင်ဓါတ်ပုံရိုက်စရာ သဘာဝအလှနေရာများစွာရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာခြင်း၊ Sea&Lake ကဲ့သို့သော အပန်းဖြေဥယာဉ်ရှိခြင်း အဆိုပါဥယာဥ်တွင် လည်ပတ်စရာများ၊ စားစရာများ၊ ညအိပ်တည်းခိုရန် နေရာများဖြင့် ပြည့်စုံသည့်အတွက်ကြောင့် ယခုလိုရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် လာရောက်အပန်းဖြေအနားယူသူများဖြင့် စည်ကားများပြားလျက်ရှိသည်ကို တွေ့ရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)