ကျွန်းလှ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ) စာသင်၊ စာချသံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။
အဆိုပါ စာသင်၊ စာချသံဃာတော်များအား မြို့ပေါရပ်ကွက်နေပြည်သူများက ဆွမ်းဆန်စိမ်းအစရှိသော လှူဖွယ်ပစ္စည်းများလောင်းလှူကြပြီး၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကျောင်းသားဟောင်းများ၊ ရပ်ဝေးရပ်နီးအလှူရှင်များက အာရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများအလှည့်ကျ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ