စစ်ကိုင်းမြို့တွင် မြေပြန့်(ရိုဘက်စတာ) ကော်ဖီ စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ

စစ်ကိုင်း ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ မြေပြန့်(ရိုဘက်စတာ)ကော်ဖီစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၁၁ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ အသင်္ခယာရိပ်သာဝင်းအတွင်းကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်ဝန်ထမ်းများက မြေပြန့်(ရိုဘက်စတာ) ကော်ဖီပင် (၈၂)ပင်အား စိုက်ပျိုးပေးခဲ့ကြသည်။ အဆိုပါမြေပြန့်(ရိုဘက်စတာ) ကော်ဖီပင်များအား ပင်ကြားတန်းကြား ရှစ်ပေအကွာစိုက်ပျိုးရပြီး သုံးနှစ်အရွယ်တွင် အသီးစတင်သီး၍ ငါးနှစ်အရွယ်တွင် ကော်ဖီစတင်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)