ဟင်္သာတ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံး၊ ပန်းချီ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်း သီဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဆုရကျောင်းသား/သူများကို ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများကို ကိုလည်းကောင်း၊ ဟင်္သာတမြို့နယ်မိခင်ကလေးနှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်က အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများကို ကိုလည်းကောင်း၊ ခရိုင် ပညာရေးမှူး ဒေါ်စန်းယုမော်နှင့် တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများမှ မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကဗျာ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/သူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ပညာရေးမှူး ဒေါ်စန်းယုမော်နှင့် ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ်မိခင်ကလေးနှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ စုစုပေါင်း (၃၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်/ပြန်ဆက်(ဟင်္သာတ)