ကလေးဝမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ပြုလုပ်

ကလေးဝ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၆ခုနှစ် ယမန်နေ့တွင်ကျရောက်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သ၀ဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယနေ့ နံနက်အချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ နံနက် ၅ နာရီခွဲက ပြုလုပ်ခဲ့ပြီး သဝဏ်လွှာဖတ်ကြားပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ နံနက် ၇ နာရီက ဆက်လက်ပြုလုပ်ခဲ့ရာ အခမ်းအနားတွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်ကက ဖတ်ကြားခဲ့သည်။

ဆက်လက်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့၌ ဆုရရှိခဲ့ကြသော ကျောင်းသား ကျောင်းသူများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ပြိုင်ပွဲဝင်အားကစားသမားများအား ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်