ရေကြည် ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ယနေ့နံနက်(၇)နာရီအချိန်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရေကြည်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပေးခဲ့ပြီးနောက်တက်ရောက်လာကြသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်ဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုခဲ့ကြသည်။ ထို့နောက် သဝဏ်လွှာဖတ်ကြားပွဲအား ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၆ခုနှစ်၊ (၇၉) နှစ်မြောက်ပြည်ထောင်စု နေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဇော်လင်းက ဖတ်ကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီးတက်ရောက်လာသော ဌာနဆိုင်များနှင့် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းစကားလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)