တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၁၂

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတားဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဆိပ်ခံတံတားတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုးချဲ့ ဆိပ်ခံတံတားများ တည်ဆောက်လိုက်သည့်အတွက် ငဝန်မြစ်မှတဆင့် ပုသိမ်မြို့ကိုစက်လှေများဖြင့် လာရောက်ကြသည့် ဒေသခံများ အခက်အခဲမဖြစ်စေရန်အတွက် တိုးချဲ့ဆိပ်ခံတံတားမှတဆင့် ရေယာဥ်များ​ပေါ်သို့တက်ဆင်းနိုင်ရန် ကွန်ကရစ်လှေကားများကိုပါ ထည့်သွင်းတည်ဆောက်ပေးထားတာဖြစ်ပါ‌ကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်များတွင်လည်း ပုသိမ်ကမ်းနားလမ်းသာယာလှပရေးအတွက် တိုးချဲ့ဆိပ်ခံတံတားတည် ဆောက်ရေးလုပ်ငန်းတွေကို ပုသိမ်ကျောက်ထီးအထိ ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနှင့်  ပုသိမ်ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား အလျားစုစုပေါင်း (၁၆၂၀)ပေ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ကမ်းနားလမ်းသာယာလှပရေးအတွက် ဆောင်ရွက်ပေးထားသည့်အပေါ်တွင်  မြို့သူ/မြို့သားများအနေဖြင့်လည်း ဆိပ်ခံတံတားပေါ်မှာရော မြစ်ထဲကိုပါစည်းကမ်းမဲ့အမှိုက်ပြစ်ခြင်းများမပြုလုပ်ကြဘဲ သတ်မှတ်နေရာများမှာသာအမှိုက်ပြစ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြလိုပါ‌ကြောင်း၊ ထို့အပြင် ဆောင်ရွက်ထားသည့် ပုသိမ်ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားများ ရေရှည်တည်တံ့ရန်အတွက် စည်းကမ်းတကျအသုံးပြုကြရန်နှင့် အများပြည်သူအပန်းဖြေရာနေရာမှာ မိမိကြောင့်ပြည်သူများစိတ်အနှောင့်အယှက်ဖြစ်စေမည့် ပြုမူနေထိုင်မှုများကို ရှောင်ရှားပေးကြစေလိုကြောင်း” ပြောကြားသည်။

ဆက်လက်၍ ပုသိမ်ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား တည်ဆောက်မှုအခြေအနေအား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရှင်းလင်းတင်ပြပြီး ပုသိမ်ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။ ယင်းနောက် ပုသိမ်ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ဆိပ်ခံတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပုသိမ်ဆိပ်ကမ်း၌ အလျား ၃၄ ပေ x အနံ ၁၄ ပေအရွယ် ဗိုလ်မြတ်လေး သံကူကွန်ကရစ်ရေဆင်းဆိပ်ခံတံတားနှင့် အလျား ၄၀ ပေ x အနံ ၁၄ပေ အရွယ် ခရီးသည်နားနေဆောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ ဗိုလ်မြတ်လေးတံတားအား ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ငဝန်မြစ်ကြောင်းအတွင်း သွားလာနေကြတဲ့ရေယာဉ်များအနေနဲ့ အချိန်မရွေးဆိုက်ကပ်/ထွက်ခွာနိုင်ပြီး ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ကျန်းမာရေး၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းများ၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ခရီးသွားလာမှုလွယ်ကူချောမွေ့ကာ လုံခြုံစိတ်ချစွာ သွားလာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း ပြည်ထောင်စုအစိုးရအဖွဲ့နှင့်ပူးပေါင်းချိတ်ဆက်ကာ တိုင်းဒေသကြီးတစ်ခုလုံးတိုးတက်အောင် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တိုးချဲ့တံတားများရေရှည်တည်တံ့ဖို့အတွက် စည်းကမ်းတကျ အသုံးပြုကြရန်လိုပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပုသိမ်ဆိပ်ကမ်းမှ ဆိပ်ကမ်းအရာရှိချုပ်က တည်ဆောက်မှုအခြေအနေအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဗိုလ်မြတ်လေးသံကူကွန်ကရစ်ရေဆင်းဆိပ်ခံတံတားနှင့်  ခရီးသည်နားနေဆောင်တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပုသိမ်ဆိပ်ကမ်းမှ ဆိပ်ကမ်းအရာရှိချုပ်က ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ခရီးသည်နားနေဆောင်အား အမွှေးနံ့သာရေပက်ဖျန်းပေးခဲ့ပြီး အဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)