အိမ်မဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင်အခမ်းအနား ကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေးပန်းခြံတွင် ၂၀၂၆ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင်အခမ်းအနားကို ယနေ့နံနက် (၅) နာရီ (၃၀)မိနစ်အချိန်တွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်​ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများကနေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ခေါင်းဆောင်မှဦးဆောင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ​တော်အား စုပေါင်းအလေးပြုခဲ့ကြသည်။

ချစ်သက်လယ်(ပြန်/ဆက်)