ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ

ဟင်္သာတ ဖေဖေါ်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မေဂျာပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ နံနက် ၉ နာရီ က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ရာ ပြိုင်ပွဲဝင်အသင်း (၆)သင်းမှ ထမနဲထိုးပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ခဲ့ကြသည်။ ၎င်းနောက် ဒေါ်စန်းစန်းမြတ်(ဌာနမှူး-သင်တန်းရေးရာ) ဦးဆောင်၍ ပါမောက္ခဌာနမှူး များပါဝင်သော ဒိုင်အဖွဲ့ဖြင့် အမှတ်ပေးဆုံးဖြတ်ခဲ့ရာ ပထမနှစ်အသင်းမှ (ပထမ)ဆု၊ ဒုတိယနှစ်အသင်းမှ (ဒုတိယ)ဆု၊ တတိယနှစ်အသင်းမှ (တတိယ) ဆုနှင့် ပဥ္စမနှစ်မှ အထူးဆုတို့အား အသီးသီးရရှိခဲ့ပြီး ဆုရရှိအသင်းများအား ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်မှဆုချီးမြင့်ခဲ့သည်။ ထို့နောက် သင်တန်းနှစ်အသီးသီးမှ ကျောင်းသား/သူများမှ ဈေးဆိုင်ခန်း (၁၁)ခန်းဖြင့် စားသောက်ဖွယ်ရာများအား ရောင်းချခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်၊ ဒေါ်စန်းစန်းမြတ် (ဌာနမှူး-သင်တန်းရေးရာ) နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၄ဝ၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)