ရေစကြိုမြို့နယ်တွင် (၁၁၁)ကြိမ်မြောက် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကျင်းပ

ရေစကြို ဖေဖော်ဝါရီ ၁၁

ရေစကြိုမြို့နယ်တွင် (၁၁၁)ကြိမ်မြောက် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရေစကြိုမြို့နယ်၊ လူမှု၀န်ထမ်းဦးစီးဌာန၊မူလ တန်းကြိုကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးသိန်း၀င်းက အဖွင့်အမှာစကားပြောကြားပြီး မူလတန်းကြိုသားငယ်၊ သမီးများ၏ ကျောင်းတွင်းသန့်ရှင်းသပ်ရပ်ဆုနှင့် လစဉ်အာဟာရကျွေးမွေးခြင်းအတွက် ရွှေသလ္လာမန်းယာဉ်လိုင်းအသင်း၊ ချင်းတွင်းဧရာယာဉ်လိုင်းအသင်း၊ သလ္လာ၀တီယာဉ်လိုင်းအသင်း၊ မျိုးမေတ္တာယာဉ်လိုင်းအသင်းနှင့် အလှူရှင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးသိန်း၀င်းနှင့် ရေစကြိုမြို့နယ်၊ လူမှု၀န်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသန္တာစုတို့က ဆုတံဆိပ်များချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ ယင်းနောက် မူလတန်းကြို သားငယ်၊ သမီးငယ်များက ကလေးများနေ့သီချင်း၊ ပြည်ထောင်စုပျော်ပွဲသီချင်း၊ လက်တွဲညီညာနေသီချင်း၊ သျှောင်ပေစူးသီချင်း၊ ကော်လံပေါ်ကနှုတ်ခမ်းနီသီချင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်း၀င်း၊ အဖွဲ့၀င် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မော်တော်ယာဉ်လိုင်းအသင်းများနှင့် အလှူရှင်များ၊ ရေစကြိုမြို့နယ်၊ လူမှု၀န်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသန္တာစုနှင့် ၀န်ထမ်းများ၊ မူလတန်းကြိုသားငယ်၊ သမီးငယ်များ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေဇင်မို့(ရေစကြို)