မင်းလှမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ခန်းမဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အကဲဖြတ်ဒိုင်အဖွဲ့ခေါင်းဆောင်က ထမနဲထိုးပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲစတင်ခဲ့သည်။ အဆိုပါ ထမနဲထိုးပြိုင်ပွဲအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ပရဟိတအသင်းများနှင့် ပြည်သူများ စုစုပေါင်း ၁၉၅ ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မင်းလှမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ အသင်းအဖွဲ့(၈)သင်းယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့်အသင်းများကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)