ရေနံချောင်း ဖေဖော်ဝါရီ ၁၁
အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည့် ရေနံဘူမိဗေဒဘာသာရပ် သင်ခန်းစာများကို လက်တွေ့စမ်းသပ်ပို့ချရန်အတွက် လက်တွေ့ခန်းအဆောက်အဦး ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ယမန်နေ့က မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးသက်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အလျား ၄၀ ပေ၊ အနံ ၃၀ ပေ RCC နှစ်ထပ်အဆောက်အဦးအား Posco International Corporation ၏ (CSR)အစီအစဉ်ဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ ရေနံချောင်းတက္ကသိုလ် အစည်းအဝေးခန်းမတွင် ဦးဆောင်ညွန်ကြားရေးမှူး ဦးသက်ထွန်းက ရေနံဘူမိဗေဒအထူးပြု ပထမနှစ်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။ ထို့နောက် ညွန်ကြားရေးမှူး ဦးရဲနိုင်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ရေနံချောင်းတက္ကသိုလ် ဘူမိဗေဒဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာဉာဏ်ဝင်းက ရေနံဘူမိဗေဒဘာသာရပ် သင်တန်းဖွင့်လှစ်ပို့ချ ဆောင်ရွက်နေမှုကို ရှင်လင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)