ပခုက္ကူမြို့မူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံကလေးများနေ့အခမ်းအနား ကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၁၁

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာနိုင်ငံကလေးများနေ့အခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကလေးသူငယ်များ ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် ကလေးသူငယ်များ၏ အဓိကအခွင့်အရေးတစ်ခုဖြစ်ကြောင်း၊ အနာဂတ်တွင်အရေးပါသော နိုင်ငံသားကောင်း/ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံကလေးများနေ့ကို ကျင်းပရခြင်း ဖြစ်ကြောင်းနှင့် ကလေးသူငယ်များဟာ အနာဂတ်၏ခေါင်းဆောင်များဖြစ်သောကြောင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိစေရန် မိဘပြည်သူများက ပြုစုပျိုးထောင်ပေးကြရန် လိုအပ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ်လေးများက ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများနှင့် ကလေးကဗျာများ ရွတ်ဆိုခြင်း၊ ကလေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများ ပြုလုပ်ကြသည်။

ဟိန်းစိုး