အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ချောက်)၌ လူငယ်ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

ချောက် ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ချောက်)နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက "လူငယ်နှင့်ကျင့်ဝတ်" ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စား​သုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက ငလျှင်ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း အသီးသီးဟော​ပြောခဲ့ကြသည်။

ထို့နောက်အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ချောက်) ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊​ကျောင်းသူများအား ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်နှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်‌‌ဝေပေးခဲ့သည်။ အဆိုပါ အသိပညာပေးဟော‌‌ပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမ၊​ ကျောင်းသား​၊ ကျောင်းသူ စုစု​ပေါင်း (၂၀၀)ဦး တက်​ရောက်ခဲ့​ကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)