(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိပ်ဖြူမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၅)ခုဖွင့်လှစ်ပွဲ ကျင်းပ

ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက် မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၅)ခု ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီမှ အဆိုပါနေရာများ၌ကျင်းပသည်။

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ မြေစိုက်ပိုစတာကို ချောက်-ဆိပ်ဖြူ အနော်ရထာတံတားထိပ် မြို့ဝင်ဆိုင်းဘုတ်တွင် စိုက်ထူဆောင်ရွက်ထားရှိသည်။ မြောက်ပြည်ထောင်စုနေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၅)ခုဖြစ်သည့် အနောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ရတနာလမ်းဆုံရှိ နာရီစင်(၁)ခု၊ အနော်ရထာလမ်းနှင့် ပတ္တမြားဈေး ကိုဆက်သွယ်ထားရှိသည့် မြေသာမြေနီလမ်း(၁)လမ်း၊ ဒေသခံပြည်သူများ စိတ်အပန်းပြေနေရာများဖြစ်သည့် မြို့အဝင်ပန်းခြံနှင့် We Love Seik Phyu မြေယာရှုခင်း ပန်းခြံ(၂) ခု၊ ရန်ကင်းတောင်ပြည်တော်သာရေကန်တို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ ပူးပေါင်းတည်ဆောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးနေရာ(၅)ခုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက မြို့ပြ၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ စိတ်အပန်းဖြေနားခိုနေနိုင်စေရန် ရည်ရွယ်၍ ဒေသခံမြို့မိမြို့ဖ ဒေသခံအလှူရှင်များက ပူးပေါင်းတည်ဆောက်၍  (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍ မိမိတို့ဒေသအကျိုးဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းအားဖြင့် ဆောင်ရွက်သွားရန် တိုက်တွန်းအမှာစကားများပြောကြားပေးပြီးသည်။ ၎င်းနောက်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဝင်းနှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖတို့က သတ်မှတ်နေရာများတွင်ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ခြင်း၊ ကမ္ဗည်း ကျောက်စာတိုင်များအား အမွှေးနံ့သာရည်များ ပက်ဖြန်းခဲ့ကြကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)