နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး "သတ်ပုံအမှန်ရွေးကြမယ်"ပြိုင်ပွဲ ကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး သတ်ပုံအ မှန်ရွေးကြမယ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပြိုင်ပွဲကျင်းပရာတွင် ကျောင်းသား/သူများ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်၊ ယှဥ်ပြိုင်ကြိုးစားတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ထူးချွန်ထက်မြက်သည့် လူရည်ချွန်ကောင်းများဖြစ်စေရန်ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာမူလတန်းကျောင်း(စျေး)ရှိ ကျောင်းသား/သူ (၃၀)ဦးတို့က “သတ်ပုံအမှန်ရွေးကြမယ်”ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှ ဆုများချီးမြှင့်ပေးခဲ့သည်။

လှဝင်း