စေတုတ္တရာမြို့နယ်တွင် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ ကျင်းပ

စေတုတ္တရာ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇာဇာငြိမ်းက ပြည်ထောင်စုဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသူများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များနှင့် ဗဟုသုတဖြစ်ဖွယ် ပြည်ထောင်စုနေ့ဆိုင်ရာ သမိုင်းကြောင်းများကို ဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။

ဆန်းကိုကို(ပြန်/ဆက်)