ရေနံချောင်းမြို့၌ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး

ရေနံချောင်း ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက် ၉ နာရီတွင် မြို့မတောင်ရပ်ကွက်သို့သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးဇွဲကိုကိုဇော်နှင့် တပ်ဖွဲ့ဝင်များက ရပ်ကွက်တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၊ ဈေးဆိုင်များနှင့် အသေးစားအိမ်တွင်းမှုလုပ်ငန်းခွင်များတွင် စနစ်တကျ မီးသုံးစွဲမှု ရှိ၊ မရှိ၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ သွယ်တန်းထားမှု ရှိ၊ မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရေလှောင်ကန်များတွင် ရေဖြည့်တင်းထားရှိရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိရေး၊ မီးလောင်လွယ်သည့် အရာဝတ္ထုပစ္စည်းများအား စနစ်တကျ သိုလှောင်ထားရှိရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)