ပခုက္ကူတက္ကသိုလ်၌ (၂၁) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၂၁) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက် နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများတက်ရောက်ကြသည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ်ဒေါက်တာတင်ထွန်းအောင်ဦးဆောင်သော သဟာရအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမစင်မြင့်ထက်သို့ကြွရောက်နေရာယူကြပြီး ခေတ္တပါမောက္ခချုပ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်ကျင်းပပြုလုပ်သော (နေ့သင်တန်း) စာမေးပွဲများ၌ ကောင်းစွာဖြေဆိုအောင်မြင်ပေါက်ရောက်ခဲ့ကြသည့် မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့စသည့် ဘွဲ့ရမောင်မယ် စုစုပေါင်း(၁၄၂) ဦးတို့အား ဘွဲ့များအသီးသီးအပ်နှင်း သည်။

ထို့အပြင် ပခုက္ကူတက္ကသိုလ်၊ အဝေးသင်သင်တန်း (စတုတ္ထအကြိမ်မြောက်) ဘွဲ့နှင်းသဘင်ခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဆက်လက်ကျင်းပကာ ၂၀၂၅ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်သော (အဝေးသင်သင်တန်း) စာမေးပွဲများ၌ ကောင်းစွာဖြေဆိုအောင်မြင်ပေါက်ရောက်ခဲ့ကြသည့် ဥပဒေပညာဘွဲ့၊ စီးပွားရေးပညာဘွဲ့အပါအဝင် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့ရ မောင်မယ် စုစုပေါင်း (၄၀၈) ဦးတို့အား ဘွဲ့များအပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ (ပခုက္ကူ)