ချောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မိုးလွန်ကာလ စုပေါင်းသစ်ပင်ရေလောင်းပွဲကျင်းပ

ချောက် ဇန်နဝါရီ ၃၁

သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံးရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီး စေရေးနှင့်သစ်တော၊ သစ်ပင်များတိုးပွားရှင်သန်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် လမ်းဘေးဝဲ/ယာများ၌ စိုက်ပျိုးထားသည့်သစ်ပင်များ၊ တစ်အုပ်တစ်မစိုက်ခင်းများ ရှင်သန်‌ စေရေးအတွက် ရေလောင်းပွဲကို ယနေ့နံနက် (၈) နာရီအချိန်က ပြည့်ပင်ကျေးရွာအုပ်စု၊ မိုလာ ရဲစခန်းရှေ့စိုက်ခင်း၊ ချောက်-ဂွေးချို ကားလမ်းမိုင်တိုင်အမှတ် ၁၂/၀ မှ ၁၃/၃ ကြား လမ်းဘေး ဝဲယာ၌ ကျင်းပပြုလုပ်ခဲ့သည်။  

ဦးစွာစုပေါင်း‌ရေလောင်းပွဲတွင် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုး‌ဇော်နိုင်က စတင်ရေလောင်းပေးခဲ့ပြီး ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ဒေသခံပြည်သူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းအင်အား ၃၅၀ ဦးဖြင့် တမာပင်၊ ကုက္ကိုလ်ပင်၊ ဖျောက်ဆိပ်ပင်၊ စုစုပေါင်း သစ်ပင်ရေ ၆၅၀ ပင်အား တစ်ပျော်တစ်ပါး ရေလောင်းခဲ့ကြသည်။    

ထို့နောက် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုး‌ဇော်နိုင်နှင့်တာဝန်ရှိသူများက စိုက်ပျိုးပြီးသောသစ်ပင်များ ရေလောင်းပြုစုထိန်းသိမ်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)