ထန်ပါခွေ ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဒေါ်ခင်ကြည် ဖောင်ဒေး ရှင်းမှ ဆန်(၅၂၁)အိတ် ပေးအပ်လှူဒါန်းပွဲကို ဒီဇင်ဘာလ ၂၂ ရက်၊ နံနက် ၉ နာရီအချိန်က ထန်ပါခွေမြို့ ရိုးရာပန်ရှေ့၌ ကျင်းပပြုလုပ်သည်။
ထို့နောက် ခန္တီးမြို့နယ် အမှတ်(၁) စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင် တေး၊ လဟယ်မြို့နယ် အမှတ်(၂) စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ်နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ကိုယ်စားလှယ် ဦးအောင်ဆန်းမြင့်တို့က ထန်ပါခွေရပ်ကွက်၊ တာမောင်၊ မခွာလယ်၊ ကျောက်ကယ်အုပ်စု တိုင်ငန်ကျေးရွာများသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပေးအပ် လှူဒါန်းသော အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)အိတ်နှုန်းဖြင့် စုစုပေါင်းဆန် (၅၂၁)အိတ်အား ပေးအပ်လှူဒါန်းခဲ့သည်။
ရာသီဥတုဖောက်ပြန်ပြီး တောင်ယာစိုက်ခင်းသီးနှံများ မအောင်မြင် မဖြစ်ထွန်းသည့်အတွက် ဝမ်းစာ ရှားပါးသည့် ကျေးရွာများသို့ ဦးစားပေး လှူဒါန်းရခြင်းဖြစ်ကြောင်း လလယ်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ်ကပြောသည်။
အိမ်ထောင် စုတစ်စုလျှင် ဆန်(၁)အိတ် စုစုပေါင်း ဆန်(၅၂၁) အိတ်အား ထောက်ပံ့ပေး အပ်ရ ခြင်းဖြစ်ကြောင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကိုယ်စား လှယ် ဦးအောင်ဆန်း မြင့်ကပြော သည်။
ဟန်ထွန်း(အင်းဝ)