မအူပင် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၉)စက်မှုလယ်ယာစခန်း မအူပင်မြို့မှ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ များဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇူလိုင် ၁၄ ရက်နေ့ နံနက်(၁၀)နာရီက ညောင်ဝိုင်းကျေးရွာရှိတောင်သူ ဦးအေးမြင့်၏ မိုးစပါးစိုက်ခင်း (၃)ဧကတွင် ကျင်းပသည်။
သရုပ်ပြပွဲသို့ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ခရိုင်ဦးစီးဌာနမှူး၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါသရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးငြိမ်းချမ်းမြင့်မှ ကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးခြင်းအကြောင်းများကို ရှင်းလင်းပြောကြားပြီး ဘေးကြားတောင်ပျံမျိုး (၃)ဧကအား သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)