တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းဖွင့်ချိန်အမီ စျေးကွက်အတွင်း စက်ဘီးများ ရောင်းအား တွင်ကျယ်လျက်ရှိ

တောင်တွင်းကြီး မေ ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလ ကျောင်းဖွင့်ချိန်အမီ စျေးကွက်အတွင်း စက်ဘီးများ ရောင်းအား တွင်ကျယ်လျက်ရှိကြောင်း သိရသည်။

ကျောင်းဖွင့်ရာသီပြန်ရောက်လာသောကြောင့် စက်ဘီးများသည် ​ပြီးခဲ့သည့်လများအတွင်းတွင် ဝယ်အားရောင်းအား အလွန်နည်းပါးခဲ့သော်လည်း ယခုမေလအတွင်း ရောင်းဝယ်အားများ ပိုမိုကောင်းမွန်လာကာ အထူးသဖြင့် ကလေးစီးစက်ဘီးများက ပိုမိုအရောင်းသွတ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စက်ဘီးများကို ၁ သိန်း ၂ သောင်းကျပ်မှ ၁ သိန်း ၈ သောင်းကျပ်စျေးနှုန်းများ ရှိသည်ဖြစ်ရာ  ဝယ်ယူရန် မတတ်နိုင်သည့် မိဘများကလည်း စက်ဘီးအဟောင်းများ ပြန်လည်ဝယ်ယူလျက်ရှိသောကြောင့် စက်ဘီးအဟောင်းများ ပြန်လည်ရောင်းချရ၍ စက်ဘီးဆိုင်ပိုင်ရှင်များအနေဖြင့် ရောင်းအားတွက်လာသကဲ့သို့ မိမိတို့ အသစ်စက်ဘီးအရောင်းဆိုင်များလည်း တစ်နေ့လျှင် ပျမ်းမျှ စက်ဘီး ၄ စီးမှ ၁၀ စီးအထိ ရောင်းချနေရကြောင်း ပုလဲ()စက်ဘီးနှင့် အပိုပစ္စည်းအရောင်းဆိုင်မှ အရောင်းဝန်ထမ်း မလဲ့လဲ့ထံမှ သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)