ဆင်ပေါင်ဝဲ အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ကျောင်းကောင်စီအသင်း(၅)သင်း အထက်တန်းအဆင့် ဘောလုံးပြိုင်ပွဲ၊ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲအဖြစ် ဗန္ဓုလအသင်း နှင့် အနော်ရထာအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ဗန္ဓုလအသင်းက အနိုင်ရရှိခဲ့သည်။
ထို့နောက် ပထမဆုရရှိသည့် ဗန္ဓုလအသင်း၊ ဒုတိယဆုရရှိသည့် အနော်ရထာအသင်းနှင့် တတိယဆုရရှိသည့် အငယ်တန်းအသင်းတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)