ကန်ကြီးထောင့် မေ ၁၆
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြိို့နယ်တွင် မေလ ၁၄ ရက်နေ့တွင် တိုက်ခက်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ကျောင်းဆောင်များ ပြုပြင်နေမှုအခြေအနေများအား ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာ၀န်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းကြည့်ရှုရာတွင် ပထမဦးစွာ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ အထကကျောင်းတွင် သစ်ပင်လဲကျမှုကြောင့် ကျောင်းဆောင်အမိုးတချို့နှင့်အမိုးခံကျောက်ပြားများ ပျက်စီးမှုအပေါ် ပြန်လည်ပြင်ဆင်နေမှုအခြေအနေအားလည်းကောင်း၊ အပင်နှစ်ဆယ်ကျေးရွာ အမကကျောင်း အမိုးများလန်ကျမှုနှင့် အမိုးခံပြားများပျက်စီးနေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းနှင့် ဌာနဆိုင်ရာများမှ ရှင်းလင်းပြသခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်မှ အလှူငွေးများပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းက လက်ခံရယူခဲ့ကြောင်းသိရှိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မေလ ၁၃ ရက်နေ့၊ ၁၄ ရက်နေ့တွင် တိုက်ခက်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများနှင့် သာသနိကအဆောက်အအုံးများ ပျက်စီးဆုံးရုံးမှုအပေါ် မြို့နယ်သဘာ၀ဘေးစီမံခန့်ခွဲမှုကော်မတီမှ ပြန်လည်ပြုပြင်ဆောက်လုပ်နိုင်ရေး ကိစ္စရပ်များအား စီမံဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
မဇင် (ပြန်/ဆက်)