မြို့သစ်မြို့နယ်တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show)ဆောင်ရွက်

မြို့သစ် မေ ၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နွေရာသီကာလ၌  ပြည်သူများ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အပူဒဏ်အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ  အသိပညာပေး ((Talk Show)တွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း  (Book Club) အဖွဲ့ဝင်များ ဖြစ်သည့်   ဆရာဦးတင်မောင်ဝင်း၊ ဦးမြင့်ကြည်တို့က အပူလွန်ကဲခြင်းကြောင့် ဖြစ်တတ်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ အပူဒဏ် ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များနှင့် အပူဒဏ်ကြောင့်  သတိလစ်ပါက  အရေးပေါ် ရှေးဦးပြုစုနည်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)