ဖျာပုံ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အ.ထ.က(၁)ကျောင်းမှ ဗဟိုအဆင့် လူရည်ချွန်ရရှိသူ မောင်အောင်သူရထွဋ်အား ကြိုဆိုဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက ဖျာပုံမြို့ အ.ထ.က (၁)ကျောင်း အောင်မြေခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်၊ မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်၊ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပြီး ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် ပညာရေးမှူး ဦးထွန်းလွင်မှ ဗဟိုအဆင့်လူရည်ချွန် ကြိုဆိုဂုဏ်ပြု ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ဝမ်းမြောက်ဂုဏ်ပြု အမှာစကားပြောကြားခြင်းနှင့် ဗဟိုအဆင့် လူရည်ချွန်ရရှိသည့် အ.ထ.က(၁)ကျောင်းမှ (Gread-11) ကျောင်းသား မောင်အောင်သူရထွဋ်အား သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်၊၊
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)