အင်္ဂပူမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

အင်္ဂပူ ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ညနေ ၅ နာရီက အင်္ဂပူမြို့၊ ကန်သာယာလမ်းဆုံရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ‌ဦးအောင်ကျော်မိုးက မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲတွင် နှစ်သစ်ကူးနှုတ်ဆက် စကားကြောကြားခဲ့သည်။ ထို့နောက် မဟာသင်္ကြန်ပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်မိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်လှိုင်၊ အဖွဲ့ဝင်(၃)ဦးဇော်နိုင်၊ အတွင်းရေးမှူးရဲမှူးသန်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသီဟနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနေမျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ တက်ရောက်လာသော ဧည့်သည်တော်များနှင့် ယိမ်းအဖွဲ့များအား အတာသင်္ကြန်ရေများ ပက်ဖျန်းပေးခဲ့ပြီး မြို့နယ်ကိုယ်စားပြုယိမ်းအကအဖွဲ့များမှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ဖျော်ဖြေမှုကပြမှုအား ကြည့်ရှုအား‌ပေးခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ယိမ်းအဖွဲ့များတက်ရောက်ခဲ့ပြီး မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် အကြိုနေ့မှအတက်နေ့အထိ မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များမှ ဧည်ခံဖျော်ဖြေပေးမည်ဖြစ်ပြီး စတုဒိသာများ ကျွေးမွေးဧည့်သွားမည်ဖြစ်ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)