မအူပင်ခရိုင်တရားသူကြီး မြို့မရဲစခန်းအား စစ်ဆေး

မအူပင် မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တရားသူကြီး ဒေါ်အေးအေးမြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီက မအူပင်မြို့မရဲစခန်းအတွင်းရှိ အချုပ်ခန်းအား ရောက်ရှိစစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးမှုအား မြို့မရဲစခန်းမှူး ဒုတိယရဲမှူးကျော်မင်းစိုးနှင့် တာဝန်ရှိသူများက အချုပ်ခန်းနှင့် စစ်ဆေးခံအချုပ်သားများအား လိုက်လံရှင်းလင်းပြသခဲ့ပြီး ခရိုင်တရားသူကြီးမှ စစ်ဆေးခံ အချုပ်သားများ၏ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှုများ လိုအပ်ချက်ရှိ/မရှိအား ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံမေးမြန်းခဲ့သည်။

၎င်းနောက် စခန်းတွင်း သန့်ရှင်းသာယာမှုရှိ/မရှိနှင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေ အနေများအား စစ်ဆေးမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)