ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင် တန်ဖိုးမြှင့်စား​သောက်ကုန် (သီးနှံအ​ခြေခံယို၊ ​ဖျော်ရည်အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ရွှေဘို မတ် ၂၄

စစ်ကိုင်းတိုင်း​ဒေသကြီး​အစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ရေးလုပ်ငန်း​ကော်မတီနှင့် ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီး ဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့်၊ တန်ဖိုးမြှင့်စား​သောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဆင်းပွဲကို ယ​နေ့မွန်းလွဲပိုင်းက​၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ​ရွှေဘိုခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြား​ရေးမှူး ဦး​အောင်မြင့်က အမှာစကား​ပြောကြားရာ၊ နိုင်ငံခြားမှ တင်သွင်းလာ​သော လူသုံးကုန်ပစ္စည်းများ​နေရာတွင် ပြည်တွင်းဖြစ်စား​​သောက်ကုန်များဖြင့် အစားထိုးနိုင်ရန်၊ ဒေသခံ ပြည်သူများ ကိုယ်ပိုင်စီးပွား​ရေးလုပ်ငန်းထူ​ထောင်ပြီး တစ်ဦးခြင်းဝင်​​ငွေတိုးတက်​စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် သင်တန်းများ ဖွင့်လှစ် နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သင်တန်းတက်​ရောက်ကြသူများအ​နေဖြင့် အရည်အ​သွေး​ကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်​ရောင်းချနိုင်​ပါ​စေ​ကြောင်း​ ပြောကြားခဲ့သည်။

ထို့​နောက် တာဝန်ရှိသူများက၊ နည်းပြနှစ်ဦးတို့အား ဂုဏ်ပြုလက်​ဆောင်နှင့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် ထုတ်ကုန်ပစ္စည်း များကို လက်​ဆောင်​ပေးအပ်ရာအသီးသီး လက်ခံရယူခဲ့ကြောင်းသိရပြီး သင်တန်းသူတစ်ဦးက​ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်​ရောက်ခဲ့ကြပြီး၊ သင်တန်းကို မတ်(၂၀)ရက်​နေ့မှ စတင်ကာ(၂၄)ရက်​နေ့ထိ (၅)ရက်ကြာ နည်းပြ(၂)ဦးတို့က၊ ယိုအမျိုးစုံ​နှင့်ဖျော်ရည် အမျိုးထုတ်လုပ်နည်းများကို စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်