ကန့်ဘလူ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင် ပြည်သူ့စာကြည့်တိုက်အရှေ့ မြေစိုက်နံရံကပ်ပြဘုတ်နှင့် ရုံးအတွင်း နံရံကပ်ပြဘုတ်တို့တွင် (၁၈-၂-၂၃) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန် ရောင်စုံဓါတ်ပုံများဖြင့် စိတ်ဝင်စားဖွယ် ပြသထားရှိပါသည်။
အဆိုပါနှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှုမှတ် တမ်းဓာတ်ပုံများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ပေးပို့ခြင်းဖြစ်ပြီး ခရိုင်မြေစိုက် နံရံကပ်ဘုတ်နှင့် ရုံးအတွင်း နံရံကပ်ဘုတ်တွင် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများပါဝင်ပြီး ပြည်သူများနှင့်စာငှား၊ စာဖတ်ပရိတ်သတ်များက လာရောက် ကြည့်ရှု့ လေ့လာလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)