စလင်း ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသခဲ့သည်။
အဆိုပါမြေစိုက်နံရံပြဘုတ်တွင် ယနေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများဆောင်ရွက်နေမှုများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ခရီးသွားများ စျေးရောင်းစျေးဝယ်လာသူများနှင့် မိဘပြည်သူများ ဝင်ရောက် ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး မှတ်တမ်းဓါတ်ပုံများတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတတို့၏ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေသော မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်တို့၏နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ရေး အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲတွေ့ဆုံမှု မှတ်တမ်း ဓာတ်ပုံများ စုစုပေါင်း(၂၀)ပုံတို့ကို စိတ်ဝင်တစားလာရောက်ကြည့်ရှုကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)