အမာ ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကို ယမန်နေ့ နေ့လယ်(၁) နာရီ အချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင် ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှယဉ်သိန်းက (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) အစီအစဉ် ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်ခြင်းအားဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိနိုင်သည့်အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လက်ထောက်/၃ (အင်အားပြ) နော်အေးအေးသက်က အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး (Talk Show) အစီအစဉ်ကို အမာမြို့ရုံးပြည်သူ့စာကြည့် Page တွင် ဆက်လက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အမာ (ပြန်/ဆက်)