ရေနံချောင်း ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက အစိုးရစက်မှုလက်သိပ္ပံကျောင်း (ရေနံချောင်း)နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် စည်းလုံးညီညွတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောကာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား၊ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းကောက်နုတ်ချက်၊ ဖိုလေးလုံး သောင်းကိုကိုရေးသားသည့် စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့ ကဗျာ၊ (၂၀-၁-၁၉၄၆) ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသည့် ဗိုလ်ချုပ်အောင်ဆန်း မိန်းခွန်းကောက်နုတ်ချက်၊ တွဲလက်ခိုင်ကျည် ပေါင်းစုညီ တို့ညီနောင်ထု ပြည်ထောင်စု၊ တိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပျက်ရှေ့သို့ဆက်၊ ညီညွတ်ခြင်းသည်စွမ်းအင် စည်းလုံးခြင်းသည်ခွန်အား ပြည်ထောင်စု၏ နှလုံးသားဆောင်ပုဒ်များနှင့် ပြည်ထောင်စုနေ့ အသိပညာပေးကာတွန်း စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)