ရေကြည်မြို့ပေါ်ရှိ ပဲ့နင်းကြီးစေတီတော်ဘုရားများ၌ ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရေကြည် ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ရှိ အထင်ကရစေတီဘုရားများတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် (၇)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်ရှိ အထင်ကရစေတီဘုရားများ ဖြစ်သည့် ပဲ့နင်းကြီးစေတီတော်ဘုရားများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ ဘုရားများအား‌ရေသပ္ပာယ်ခြင်း၊ ဘုရားပုရဝုဏ်အတွင်းရှိ အမှိုက်များရှင်းလင်းခြင်း၊ မြက်ပင်များနှင့် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်း၍ လုပ်အားကုသိုလ် ပြုခဲ့ကြသည်။

ထို့ပြင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌လည်း အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး ပါဠိတော်၊ မြန်မာပြန်နှင် ့ဓဇဂ္ဂသုတ်ပရိတ်တော်များကို ယနေ့နံနက်ပိုင်းက မြိုနယ်အတွင်း၌ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)